Saturday, August 15, 2020

လောကကို အောင်ခြင်း


















ကနေ့ ((ယော 5:4-5)) မှာ ဘုရားသခင်က လောကကို အောင်ဖို့ ဖွင့်ပြပါတယ်။
လူအများစုက လောကမှာ အောင်မြင်ဖို့ကြိုးစားကြတယ်။
ဒီနေ့ ဘုရားရဲ့အလိုတော်တစ်ခုသိလာရတယ်။
ဘုရားက လူအား လောကကို အောင်သောသူဖြစ်စေချင်တာဖြစ်တယ်။
လောကမှာ အောင်မြင်ဖို့က လူတိုင်းကြိုးစားနေ​ ကြတာ။

လောကကို အောင်ခြင်းက လောကမှာ အောင်မြင်ခြင်းထက် ပို၍အရေးကြီးတယ်။
လောကကိုအောင်ဖို့ ဘုရားသခင်က သူ့သားသမီး ဖြစ်ဖို့ အလိုရှိတယ်။
သူ့သားသမီးဖြစ်ဖို့ ယုံကြည်ဖို့လိုတယ်။
ဘယ်သူကိုယုံကြည်ရမလဲဆိုရင် ယေရှုသည် ဘုရားသားတော်ဖြစ်ကြောင်းကို ယုံကြည်ဖို့ဖြစ်တယ်။
ဒါဟာ ခမည်တော်က သားတော်၏အကြောင်းကို သက်သေခံခြင်းဖြစ်တယ်။

ဒါနဲ့ ((မဿဲ 16:26)) မှာ
လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။ ဆိုတဲ့ ကျမ်းချက်ကိုသတိရလိုက်တယ်။
ဒီကျမ်းချက်ကို ပိုလေးနက်သွားစေတယ်။

လူတွေဟာ လောကကို အောင်ခြင်းထက် လောကမှာ အောင်မြင်ဖို့ ကြိုးစားနေကြတယ်။
ဘုန်းတန်ခိုးတွေ နေလိုလလိုထွန်းတောက်ကြပေမဲ့ အချိန်တန်တော့ လူ့လောကထဲမှ ထွက်သွားရတာပဲ။

လူ့လောကထဲမှ ထွက်မသွားခင် ဘုရားသားတော် ယေရှုကို ယုံကြည်လက်ခံထားမှ လောကကို အောင်မြင်သောသူဖြစ်တယ်။
ဘာကြောင့်လဲဆိုရင် ((ယော 16:33)) မှာ
ယေရှုသည် လောကကို အောင်မြင်သောသူဖြစ်တယ်ဆိုတာ အတိအလင်း ကိုယ်တိုင် ပြောသွားခဲ့တယ်။

ဒါကြောင့် ခမည်တော် ဘုရားသခင်က သားတော်ယေရှုကို လက်ခံယုံကြည်ဖို့ အလိုရှိနေခြင်းဖြစ်တယ်။
လူသည် လောကကို အောင်ဖို့ ဘာမှလုပ်စရာမလို လောကကို အောင်ဖို့လဲ မလုပ်နိုင်။
လောကကို အောင်သော ယေရှုခရစ်ကို ယုံကြည်လက်ခံပြီးနောက် ကိုယ်တိုင် လောကကို အောင်သူဖြစ်ကြောင်း သိမှတ်စွဲလမ်းဖို့ဖြစ်တယ်။

ဒီနေ့ ဘုရားရဲ့ မေတ္တာတော်အားဖြင့် ကိုယ်တိုင် လောကကို အောင်မြင်သောသူဖြစ်ကြောင်း သိမြင်လာပြီး သိမှတ်စွဲလမ်းပါ၏။
15 August 2020
ကိုယော


လောကကို အောင်ခြင်း

ကနေ့ ((ယော 5:4-5)) မှာ ဘုရားသခင်က လောကကို အောင်ဖို့ ဖွင့်ပြပါတယ်။ လူအများစုက လောကမှာ အောင်မြင်ဖို့ကြိုးစားကြတယ်။ ဒီနေ့ ဘုရားရဲ့...